ပြင်ဥိးလွင်မြို့ ကျောက်တောင်ရပ် ဇိနမာရ်အောင်လွတ်လပ်ရေးစေတီတော်
တောင်ဘက်အခြေတွင်တည်ထား ကိုးကွယ်သော
ဓမ္မစကုမုဒြာ၊ဓမ္မစကြာင်္ ဗုဒရုပ်ပွားတော်မြတ်ကြီး
သမိုင်းအကျဉ်း
(စစ်တက္ကသိုလ်၊ ဗိုလောင်းသင်တန်း အမှတ်စဉ်(၄၆) ကျောင်းဆင်းအရာရှိများကောင်းမှု)

စစ်တက္ကသိုလ်၊ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၄၆)ကျောင်းဆင်းအရာရှိများ၏ ကျောင်းဆင်းနှစ်ပတ်လည်အထိမ်းအမှတ်အဖြစ်ပြင်ဦးလွင်မြို့ကျောက်တောင်ရပ်ဇိနမာရ်အောင်လွတ်လပ်ရေးစေတီတော်တောင်ဘက်အခြေတွင်ဓမ္မစကုမုဒြာ၊ဓမ္မစကြာင်္ဗုဒရုပ်ပွားတော်မြတ်ကြီးတည်ထားကိုးကွယ်နိုင်ရန်အတွက်(၁၉.၁၂.၂၀၀၇)ရက်နေ့တွင်အမှတ်စဉ်(၄၆)ကျောင်းဆင်းအရာရှိများမှအလှူတော်ငွေကျပ်(၄၆)ိန်းကိုပေးအပ်လှူဒါန်းခဲ့ပါသည်။ဓမ္မစကုမုဒြာ၊ဓမ္မစကြာင်္ဗုဒရုပ်ပွားတော်မြတ်ကြီးတည်ထားကိုးကွယ်ရန်သြ၀ါတော်ဆရာကြီးများထံမှသြ၀ါဒခံယူပွဲကို(၃.၁.၂၀၀၈)်နေ့တွင်ကျင်းပပြုလုပ်ခဲ့ရာစစ်တက္ကသိုလ်ကျောင်းအုပ်ကြီးနှင့်အရာရှိကြိးများ၊အလှူရှင်သင်တန်းသားအရာရှိများတက်ရောက်ခဲ့ပါသည်။အုတ်မြစ်ချအခမ်းအနားကို(..၂၀၀၈)ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ပန္နက်ရိုက်မင်္ဂလာအခမ်းအနားကို(၁၂.၁.၂၀၀၈)ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ဌာပနာတော်ထည့်သွင်းခြင်းအခမ်းအနားကို(၉.၃.၂၀၀၈)ရက်နေ့တွင်ကျင်းပခဲ့ရာမြတ်စွာဘုရား၏အသားတော်မှဖြစ်သောဓါတ်တော်၊အရိုးတော်မှ
ဖြစ်သောဓါတ်တော်၊အသွေးတော်မှဖြစ်သောဓါတ်တော်၊ရဟန္တာဓါတ်တော်များ၊သတ္တဌာန၊နှစ်ကျိပ်ရှစ်ဆူနှင့်လက်ဝက်ရတနာမျိုးစုံတို့ကို စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊အရာရှိကြီးများ နှင့်အလှူရှင် အရာရှိများမှ ထည့်သွင်းပူဇော်ခဲ့ပါသည်။